ကျောင်းသားကဒ်ရှိရုံနှင့် Microsoft ကပေးတဲ့ လိုင်စင်တွေနဲ့ Azure Cloud ကို အလကားရယူပြီး ဘယ်လိုလေ့လာမလဲ

Microsoft ကနေ Students တွေ Teachers တွေ အတွက် အလကားထောက်ပံပေးနေတဲ့ Programs တွေအများကြီးရှိပါတယ်။ တစ်ချိူ့ Program တွေကတော့ လက်ရှိမြန်မာနိုင်ငံက ကျောင်းတွေကိုပေးဖို့ ဆွေးနွေးဆဲအဆင့်ပဲ ရှိပါသေးတယ်။ တစ်ချိူ့ကတော့ ရနေပါပြီ။ အဲဒီထဲကမှ Microsoft Imagine Program ကို မိတ်ဆက်ပေးချင်ပါတယ်။ ကျနော့်ရဲ့ Friend List ထဲမှာ လက်ရှိကျောင်းတက်နေတဲ့ Developers တွေ ရှိမှာပါ။ မရှိလဲ တခြားကျောင်းသားတွေလဲ ဒီအကျိူးခံစားခွင့်ရအောင် ပြောပေးကြပါ။

၁။ Microsoft Imagine ဆိုတာဘာလဲ

အရင်တုန်းကတော့ Dreamspark လို့ခေါ်ပါတယ်။ ခုနောက်ပိုင်းမှာတော့ Microsoft Imagine လို့ခေါ်ပါတယ်။ ဒီ Program ကတော့ ကျောင်းသားတွေအတွက် သီးသန့်ဖြစ်ပြီး ကမ္ဘာအရပ်ရပ် ဘယ်အစိုးရကျောင်းမဆို University ဖြစ်ဖြစ်၊ Colleague Diploma ပဲဖြစ်ဖြစ် High School ပဲဖြစ်ဖြစ် အဓိက ထောက်ပံပေးနေတဲ့ Program တစ်ခုပဲဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် အထူးသဖြင့် Developer ကျောင်းသားတွေကို အဓိကထောက်ပံ့ပေးတဲ့ Program ပါ။ ကျောင်းသားတွေက ကျနော်တို့ရဲ့ အနာဂတ်ပါ။ သူတို့ရဲ့ စိတ်ကူူးစိတ်သန်းတွေ အကောင်အထည်ဖော်ဖို့အတွက်၊ Game တွေထွင်ဖို့၊ App တွေ ထွင်ဖို့ အစရှိတာတွေပြုလုပ်နိုင်အောင် Microsoft Imagine က လိုအပ်တဲ့ Software တွေ၊ Training တွေ၊ Cloud ပေါ်မှာ app တွေ game တွေ run လို့ စမ်းလို့ရအောင် Resource, LAB တွေ အလကားပေးခြင်းပဲဖြစ်ပါတယ်။

ထို့ပြင် နှစ်စဉ် ပြိုင်ပွဲတွေလဲ ပြုလုပ်ပေးပါတယ်။ ပြိုင်ပွဲကိုလည်း နေရာအလိုက် National ကိုယ်နိုင်ငံမှာ အချင်းချင်းစပြိုင်၊ ပြီးရင် Asia Region မှာ အနိုင်ရတဲ့သူကဆက်ပြိုင်၊ နောက်ဆုံး Final ကတော့ US မှာ World Cup ပြိုင်ရမှာဖြစ်ပြီး အနိုင်ရတဲ့သူကတော့ ဒေါ်လာတစ်သိန်းပေးပါတယ်။ ထိုပြင် Azure အလကားသုံးဖို့ ဒေါ်လာ ၁သိန်း၂သောင်း Credit နှင့် 2018 မှာပြုလုပ်မယ် Developer Conference ကို စရိတ်ငြိမ်းပို့ပေးပါတယ်။ ပြီးခဲ့တဲ့နှစ်ကဆိုရင် Czech က ကျောင်းသားတွေက x.glu project အမည်နဲ့ ဗိုလ်စွဲခဲ့ပါတယ်။ သူတို့က Visual Studio, C# and Xamarin တို့ကို သုံးပြီး IOS/Android ပေါ်မှာ run ဖို့ very small App တစ်ခုတီထွင်ခဲ့ပါတယ်။ သူတို့ App ကိုတော့ Azure Cloud မှာ Host ထားတာဖြစ်ပီး ဆီးချိူရှိတဲ့ ကလေးတွေ Blood sugar level ကို အလွယ်တကူ monitor လုပ်လို့ရတဲ့ App တစ်ခုပါ။

၂။ ဘာတွေရမှာလဲ

Students တွေအနေနဲ့ အကြီးမားဆုံး Challenges က စမ်းသပ်ဖို့ Lab လိုအပ်နေတာပါပဲ။ ဒီအတွက် Imagine Member တိုင်းကို Azure for Student ဆိုပြီး အကောင့်ပေးပါတယ်။ Azure ကို Activate လုပ်တဲ့အခါမှာလည်း Credit card ထည့်စရာမလိုပဲ လွယ်ကူအောင် လုပ်ပေးထားပါတယ်။ ဒါပေမယ့် လောလောဆယ် Azure က မြန်မာနိုင်ငံမှာ တရားဝင် Launch မလုပ်သေးတာကြောင့် Register လုပ်တဲ့အခါမှာ စင်ကာပူကပဲဖြစ်ဖြစ်၊ ထိုင်းကပဲဖြစ်ဖြစ် အသိတစ်ယောက်ဆီက ဖုန်းနံပါတ်လေး ခဏငှားဖို့တော့ လိုပါလိမ့်မယ်။ ဒါကလဲ register လုပ်တဲ့သူက robot မဟုတ်ကြောင်း one time verification တစ်ခေါက်ပဲ လိုမှာဖြစ်ပါတယ်။ Azure for Student မှာ ဘာတွေရမလဲဆိုတော့ Azure Web App လို့ခေါ်တဲ့ Platform as a Service ကို Unlimited အနေဖြင့် အရင်ဆုံးရပါမယ်။ အဲဒီ PaaS WebApp ကို C#, Java, PhP, DotNet, Python ကြိုက်တဲ့ language နဲ့ develop လုပ်ပြီး Web Sites တွေ Mobile App တွေ စတင်ရေးနိုင်ပါပြီ။ Notification Hub လို့ခေါ်တဲ့ Push Notification Services လဲရဦးမှာပါ။ Database အတွက်ဆိုရင်တော့ DB-a-as-service တွေဖြစ်တဲ့ Microsoft SQL and MySQL တို့ unlimited ကြိုက်သလောက်ဆောက်လို့ရပါတယ်။ Coding တွေ Script တွေ Run ချင်ရင်တော့ Function-as-a-service(FaaS) တစ်ခုဖြစ်တဲ့ Azure Function မှာ ကြိုက်တဲ့ Language နဲ့ Develop စမ်းသပ်နိုင်ပါတယ်။ ဘယ်လိုလုပ်ရမလဲဆိုတော့ ဒီလင့်မှာ ၀င်ကြည့်နိုင်ပါတယ်။ https://imagine.microsoft.com/en-us/Catalog/Product/99

Tools and Software တွေအနေနဲ့ဆိုရင်တော့ Windows Server 2016, Windows Server 2012, SQL Server Enterprise, Windows embedded 8.1 တို့ကို အလကားပေးပါတယ်။ ဒါ့အပြင် Developers တွေအတွက် Visual Studio Community 2017, 2015, Visual Studio for Mac, Xamarin Studio Community Edition တို့ကိုရယူနိုင်ပါတယ်။ Training အနေနဲ့ဆိုရင်တော့ Train signal ခေါ် Pluralsight Free Developer Training Courses တွေ၊ Wintellect Now Developer Courses တွေကို ၀င်ရောက်သင်ယူနိုင်ဖို့ redeem လုပ်ဖို့ Code တွေပေးပါတယ်။ Microsoft Virtual Academy ရဲ့ https://mva.microsoft.com/ Students Tab မှာလည်း သင်ယူနိုင်ပါတယ်။ ဒီလင့်(https://imagine.microsoft.com/en-us/code) မှာလည်း Gaming Projects၊ Bing Map Projects တွေရှိပါတယ်။ ဒါတွေကို refer ယူပြီးအလွယ်တကူသင်ယူနိုင်ပါတယ်။

၃။ ဘယ်လိုလျှောက်ရမလဲ

လျှောက်ဖို့အတွက်ဆိုရင် အရင်ဆုံး outlook.com email အကောင့်တစ်ခု သို့မဟုတ် gmail အကောင့်ရှိဖို့လိုအပ်ပါတယ်။ ဒီလင့်(https://imagine.microsoft.com/en-us/dashboard ) ကိုဝင်ပြီး ပုံ(၁)မှာ ပြထားတဲ့အတိုင်း Create Microsoft Imagine Profile ကိုနိုပ်ပြီး outlook.com သို့မဟုတ်ရှိတဲ့ အီးမေးနဲ့ login ၀င်ရပါမယ်။ ဒါဆို အကောင့် create လုပ်ပြီးပါပြီ။

ဒုတိယအဆင့်အနေနဲ့ကတော့ login ၀င်ပြီးရင် ကိုယ်က Student ဖြစ်ကြောင့် verify လုပ်ဖို့လိုပါတယ်။ ဘယ်ကျောင်းမဆိုရပါတယ်။ အထက်တန်းကျောင်း၊ University၊ Colleague တွေလည်းရပါတယ်။ Private School တွေကတော့ ရမရ ကျနော်သေချာတော့မသိပါ။ ဒါပေမယ့် try ကြည့်ပါ။ ပုံ(၂) နှင့် ပုံ(၃)မှာ ပြထားတဲ့အတိုင်း Student ဖြစ်ကြောင်း verify လုပ်လို့ရပါတယ်။ School email ရှိတဲ့သူက School Email နဲ့ verify လုပ်လို့ရသလို International Student Identity Card ရှိတဲ့သူကလည်း ID Card နဲ့ verify လုပ်လို့ရပါတယ်။ အဲဒါတွေမရှိရင်တော့ အောက်ဆုံးက Upload my school enrollment Document ကိုနိုပ်ပြီး ကျောင်းသားကဒ်ဖြစ်ဖြစ်၊ ကျောင်းဝင်ခွင့် document ပဲဖြစ်ဖြစ် သက်သေပြလို့ရမယ့်အရာတစ်ခုခု upload လုပ်ပြီး verify လုပ်ရပါမယ်။ Verification process က ပုံမှန် ၃ရက်ကနေ ၅ရက်ထိကြာပြီး သက်သေအခိုင်အမာပြနိုင်ရင်တော့ Approve ဖြစ်ပါပြီ။

 

Approve ဖြစ်ပြီးရင်တော့ Azure Account ကို Activate လုပ်ရပါမယ်။ အဲဒါကို ဘယ်လိုလုပ်ရလဲ ဒီလင့်မှာ ၀င်ကြည့်နိုင်ပါတယ်။ https://iccms.blob.core.windows.net/…/Microsoft%20Imagine%2…

ကျန်တဲ့ Softwareတွေ Training တွေကိုလည်း Download Tab မှာဝင်ပြီး ဒေါင်းနိုင်ပါတယ်။

ကျောင်းသားတွေအနေနဲ့ imagine account ကို အမြန်ဆုံး register ပြုလုပ်ထားပြီး creative ဆန်နိုင်မယ့် App တွေ၊ Software တွေ၊ Mobile game တွေ ထွင်ထားကြပါ။ Imagine Cup ဒီနှစ်မှာ မြန်မာမပါပေမယ့် နောက်နှစ်မှာ ၀င်ပြိုင်လို့ရအောင် ညိုနှိုင်းနေပါတယ်။ ပါ၀င်ခွင့်ရရင် မြန်မာတွေ မညံဘူးဆိုတာ ကမ္ဘာကိုချပြနိုင်မယ့် အခွင့်အရေးရမှာဖြစ်ပါတယ်။ US ထိ ဖိုင်နယ်ရောက်ပြီး ပထမရရင် ဒေါ်လာတစ်သိန်းတောင်ရမှာဆိုတော့ ဆုကြေးကလည်း မက်စရာပါ။

#Enjoy Learning